Saturday 3 May 2014

အတွေးအခေါ်

ဒီလိုပဲ တွေးခေါ်ရတာပဲ
ကမ္ဘာကြီးက ပြားတယ်
အဲဒီအတွက်
သူ့ကို ချစ်ရလိမ့်မယ်
ငါးဟာ ရေကိုသောက်သလား
မသောက်ဖူးလား
နှလုံးသားနဲ့ ရှင်းပြမယ်
ဒီလိုပဲတွေးခေါ်ရတာပဲ
ဥပမာ
နယူတန်သာ
ပန်းသီးကိုကောက်စားခဲ့ရင်
အကြီးဆုံးက စပိတ်ဆိုတော့
ပြောချင်တာက
ချစ်တယ်
ထောင့်ငါးရာမှာ
ဓာတုဆေးမပါတဲ့အတွက်
ချစ်တယ် ဒါပဲ
ဒီလိုပဲတွေးခေါ်ရတာပဲ။

ဒိုမီနို