Tuesday 21 February 2012

ဒီဇင်ဘာ

ဆုတောင်းတယ်...
နှစ်ကူးမှာပျော်ရွှင်ပါစေ..
ငါ့ကိုယ်ငါပဲပြန်တောင်းပေးလိုက်တယ်.....

ဒီဇင်ဘာကိုနှင်းအတုနဲ့ကြိုရတဲ့မြို့မှာ...
မိုးကပါ စေတနာပိုပိုနဲ့ရွာပေးတယ်...
ငါတစ်ယောက်ထဲကိုပဲမဟုတ်ဘူး...
စင်္ကာပူရေ...လောကကြီးက နင့်ကိုလဲခဏခဏကျီစားသားနော်....

ခရစ်စမတ်ည...
အဲဒီညပေါ့...
သူတို့ရဲ့မျက်နှာဖုံးတွေခွာချတာကိုမြင်ခဲ့ရတာ......
အဲဒီညပေါ့...
ရင်ထဲကဟာတာတာနေရာက..အေးခနဲဖြစ်ခဲ့တာ.......

ဆုတောင်းတယ်...
နှစ်ကူးမှာပျော်ရွှင်ပါစေ...
နင့်အတွက်ပါငါဆုတောင်းပေးလိုက်တယ်......

ခံယူချက်ချင်းနားလည်မှုချင်းတူရင်...
သူငယ်ချင်းအချင်းချင်းတောင်...
အထွေထူးညှိယူစရာမလိုတဲ့လောကထဲ....
ကြည့်ရတာ... ငါတို့နှစ်ယောက်ကတော့...
ရင်ဘတ်ချင်း ဂျက်ပင်မမိဘူးနဲ့တူပါတယ်....


No comments:

Post a Comment