Monday 27 February 2012

‘ လ ’ငေးသူ


ဘယ်နတ်ဘုရားက အမှတ်မထင်မှားယွင်း
အလှတွေစုပြုံ ဖန်ဆင်းခဲ့သလဲ …?
ဆူးနှင်းဆီတို့လဲငို
စံပယ်တွေ ညိုသလိုဖြစ်
ကြယ်စင်တွေမှိုင်တွေငေး
အို …. မိန်းကလေးရယ် ….

ပန်းနုရောင်လွင် သူ့ပါးပြင်နဲ့
နှင်းဆီရောင်သွေး နှုတ်ခမ်းလေးတစ်စုံ
စံပယ်ဖြူတွေထက် နုညက်အိဝင်း
‘ လမင်း ’ တဲ့ ...

ကြယ်စင်တောက်တယ်ဆိုတာ
သူရောက်လာရင် ပျောက်ကွယ်ရမှာ…။

ဝက : 2000 Sep

No comments:

Post a Comment