Tuesday 21 February 2012

အားလုံးရှိတယ်

မိုးမျှော်တိုက်ကြီးတွေလား...
ရှိတယ်...

မှန်ရောင်ကြွေရောင် တလက်လက်ထနေတဲ့...
Shopping Centerတွေလား..
ရှိတယ်..

Air-con စိမ့်နေအောင်ဖွင့်ထားပေးပြီး
အော်ငေါက်မဲ့ စပယ်ယာမပါတဲ့ဘတ်စ်ကားလား...
ရှိတယ်..

ဘရိတ်အုပ်တာလေး ပြင်းသွားရင်တောင်
တောင်းပန်တတ်တဲ့..MRTတွေလား..
ရှိတယ်..

သင်္ဘောလား....
ဒီမှာတော့ သင်္ဘောဆိုတာ ဟိုးးးးးးးးးးးးးးးး တိုက်ပေါ်မှာ...
ရှိတယ်..

ငွေယားလေးများရှိလို့ကတော့....
လေးငါးကျပ်တန်ကော်ဖီအလကားတိုက်ပြီး
တစ်ရာလဲမက တစ်ထောင်လဲမက...
သဲ့သဲ့ပြီးယူမယ့် Casino ဆိုတာလဲရှိတယ်...

အရှေ့တောင်အာရှအတွက်
နောက်အနှစ် ၃၀ အထိ တစ်ခုတည်းသော Universal Studioဆိုတာလား..
အဲဒါလဲရှိတယ်...

မရှိတာဆိုလို့...
အားကိုးတိုင်ပင်စရာ အဖေရယ်
ချစ်ဖို့ကောင်းတဲ့ အမေရယ်....
ငါ့ရဲ့ ညီမလေးရယ်....
ဒါလေးတွေပဲ မရှိတာပါ...
ကျန်တာအားလုံးရှိတယ်...

၁.၁၂.၂၀၁၁

No comments:

Post a Comment