Monday 27 February 2012

အိုကေ


အရသာသိပ်သည်းတဲ့ အနမ်းတွေ
ပြန်မပြောနားမထောင် ဖြစ်ခဲ့တာလဲ .. အိုကေ

ယူတာထက်ပေးတာပိုကောင်းတယ် ဆိုတာ
လက်ဝှေ့သမားတွေပဲပြောတာကြားဖူးပေမယ့် .. အိုကေ

မိုးရွာတုန်း ရေခံချင်ခဲ့ပေမယ့်
မိုးလွန်တာတောင် ထွန်မချဘူးဆိုရင်လဲ .. အိုကေ

သူချစ်တယ် ငါချစ်တယ်
ဒါပေမယ့် ခါးလေ့ရှိကြတယ် .. အိုကေ

ဒီလိုနဲ့ပဲ ...
ရုန်းမထွက်ချင်တော့တဲ့ နွံ
ဘယ်သူ့မှမယုံတဲ့ ပုံပြင်
ကျကွဲသွားတဲ့မာန အပိုင်းအစများ
မမျှော်လင့်ချင်တော့တဲ့မနက်ဖြန်တွေနဲ့

အချစ်ရယ် 
ကိုယ် အိုကေပါတယ် ။ ... ... ။
                                                  
   ၀က

1 comment:

  1. ယူတာထက်ပေးတာပိုကောင်းတယ် ဆိုတာ
    လက်ဝှေ့သမားတွေပဲပြောတာကြားဖူးပေမယ့် .. အိုကေ
    like ...

    ReplyDelete