Wednesday 22 February 2012

သူငယ်ချင်းသို့.... ၁

ရိုးအတဲ့လူထက်...
လိုက်လျောညီထွေနေနိုင်တဲ့သူက ပိုလူရာဝင်သတဲ့...

ရင်ထဲရှိရှိအတိုင်း ဖွင့်ချပြတတ်တဲ့သူထက်...
အခြေအနေအချိန်ခါတွေ နားလည်နိုင်တဲ့သူက လူလိမ္မာတဲ့...

အပြောအဆိုပွင့်လင်းတဲ့သူထက်...
အပြောဆိုလိမ္မာတဲ့ သူကိုမှ လူ့အသိုင်းဝိုင်းကပိုမက်မောတယ်တဲ့......

အမှန်တရားမြတ်နိုးတာလဲ ဂုဏ်ယူစရာပါ..
ဒါပေမယ့် တစ်ခါတစ်လေ...
အမှားတွေကိုလဲ မမြင်ချင်ယောင်ဆောင်တတ်တဲ့သူမှ
လောကကြီးမှာ သက်ဆိုးရှည်သတဲ့......

2 comments:

  1. အဲ့ဒီလိုမျိုး အတွေးစ အတိုအတိုလေးတွေ အဲ့ဒီခေါ်င်းစဉ်နဲ့ ဆက်ရေးပါလား အမ .. ၁ .. ၂.. ဆိုပြီးတော့လေ၊.. ဖတ်ကောင်းတယ်။

    ReplyDelete
    Replies
    1. ကျေးဇူးပါဝကရေ... ပေးတဲ့အကြံအတိုင်း လုပ်ကြည့်ပါဦးမယ်... :)

      Delete