Tuesday 21 February 2012

အဖြူ

ဆိုးတယ်...
ဟုတ်တယ်....လောကဓံကအရောင်ဆိုးတယ်..
ငါ့ကိုယ်ငါလဲ..အရောင်ဆိုးတယ်...
လူ့စရိုက်ရောင်စုံထဲ....
ငါတို့ပျော်ပျော်ကြီးတိုးဝင်နေကြလေရဲ့.....


ဘေးပယောက အရောင်ဆိုးတာမခံကြနဲ့တဲ့....
ပြောလဲပြောတတ်ကြတယ်...
ရောင်စုံလူတွေကြားထဲ....ခပ်ရှင်းရှင်းလေးရပ်နေဖို့တော့ခပ်ခက်ခက်ပဲ...


ရေလိုက်ငါးလိုက်တဲ့.....
လိုက်ရလွန်းလို့မျောမျောပါသွားတတ်တဲ့...
ငါ့ယုံကြည်ချက်လေးတွေတောင်...
တစ်ချက်တစ်ချက်လွတ်မထွက်သွားအောင်...
မနည်းအဖတ်ဆယ်နေရတယ်....


ငါ့စိတ်ကအဖြူထည်ပါ..ဆိုပြီးကြွေးကြော်နေတဲ့သူတွေ....
အဖြူမဲဆိုတာ ငါတို့မူလတန်းအရွယ်လောက်ကတည်းက
ခေတ်မရှိတော့ဘူးဆိုတာ
မသိကြလို့လား....


ကဲ... ၂ဦး၂ဘက်အဆင်ပြေသွားအောင်...
အဖြူတော့မပြောနဲ့တော့ကွယ်...
အ၀ါဖျော့ဖျော့လောက်တော့ထားလိုက်...
ဟုတ်ပြီလား...


၂၇.၁၂.၂၀၁၁

No comments:

Post a Comment