Tuesday 21 February 2012

ဘဝ

လောကကြီးကမတရားဘူးဗျာလို့ပြောတာ
ဇာတ်လမ်းထဲမှာဇာတ်နာအောင်ပြောတဲ
့စကားပဲ...
အပြင်မှာတော့လာမပြောနဲ့....
ကိုယ်ညံ့လို့ကိုယ်ခံရတာ...ဘယ်သူမှမသနားဘူး....

ဒိန်ခဲနေရာရွေ့သွားတာလဲအရေးမပါေ
တာ့ဘူး....
ဒိန်ခဲပျောက်မသွားဖို့ပဲလိုတော့တယ်....
(လျင်သူစားစတမ်းလောကထဲ...)
သူတော်ကောင်းဖြစ်စရာလဲမလိုတော့ဘူး...
သူယုတ်မာ မဖြစ်ဖို့ပဲလိုတယ်.....

အသက်ကြီးလာတာနဲ့အမျှ
ရင်ဘတ် ဘယ်ဘက်ခြမ်းကအရာက
ဘ၀မဟုတ်ဘူးဆိုတာ သိသိလာတယ်...
အားတော့နာပေမယ့်... ဒါအမှန်ပဲလေ...

လျှောက်နေတဲ့လမ်းတစ်ခုအတွက်...
ဝါသနာလဲမလိုဘူး....ပျော်နေစရာလဲ
မလိုဘူး....
ဝါသနာပါမှလုပ်ဆိုရင်...ငါတို့ထမ
င်းငတ်တာကြာပေါ့....
ပျော်နေရအောင်...... ဘ၀ကြီးက ကစားကွင်းမှမဟုတ်တာ....

အရေးမပါတဲ့အရာတွေက
အရေးပါချင်ယောင်ဆောင်ပြီး...
အရေးပါတဲ့အရာတွေကို ဆွဲဆွဲထုတ်သွားတာ...
သိသိရက်နဲ့ ငါတို့လဲ မသိချင်ယောင်ဆောင်နေရတာတော့
တွေးမိလိုက်တိုင်း...ရင်နာတယ်....

(၂၄.၁.၂၀၁၂)

No comments:

Post a Comment