Thursday 23 February 2012

စခန်းအမှတ် (၇)



ဖြူစင်မှုကိုသန့်စင်ဆေးကြောဖို့ ..
ဒါမှမဟုတ်
ဝေဒနာကို အနာတရဖြစ်အောင် ဒဏ်ရာနဲ့တကွ
နာကျင်ခံခက်စေဖို့ … ၊

ဝင်လေထွက်လေရဲ့ ကြား
ညများစွာ ညများစွာ …
မူလစိတ်ဓာတ်ကွယ်ရာ ဖိတ်ခေါ်မှုထဲ
ေ၀၀ါးစွာေ၀၀ါးစွာ … ၊

စက်ဝိုင်းတဖက်တချက်ဆီ
ဇာတိပြောသမျှ မရဏ အပြုံးလှအောင် …
ဟိုးရှေးရှေးကတည်းက
ဇရာက ခါးကုန်းပေးခဲ့ရသလို … ၊

ပိုးကုန်မှာ မကြောက်တော့တဲ့
မောင်ပုံ့ အိတ်ကပ်ထဲမှာ ….

မင်းနဲ့ငါ မရှိတော့
တောအုပ်နဲ့လွင်ပြင်မရှိတော့
အမည်နာမနဲ့ သဏ္ဍန်မရှိတော့
အချိန်ကာလနဲ့ကြွယ်ဝမှုမရှိတော့
စပ်ဆပ်သိစိတ်နဲ့ တည်မြဲခြင်း မရှိတော့ ။ ။

ဝက : 2005 Sep


No comments:

Post a Comment