Tuesday 21 February 2012

ငါ့ရင်ခုန်သံ

ယမကာသမားတယောက်ရဲ့
သန်းခေါင်ကျော်ရေသောက်သံ
ဆင်လိပ်ပြာရဲ့
တောင်ပံခတ်သံ
ငါ.နှလုံးခုံသံ
ရောသမမွှေတော့
အနုအလှလုံးဝမပါတဲ့
ဆေးမှင်ခပ်ကြမ်းကြမ်း
အတွေးတွေ
တောစီးဖီနပ်တရံထဲမှာ
ပစ်စလတ်ခတ်နဲ့
ဒုန်းစိုင်းပြေးလွှားနေတယ်
အဖြေမဲ့နေတဲ့ငါ့ကဗျာစု
ဒီကဗျာမှာပျော်တယ်
ဒီဘ၀ကိုမင်တယ်
နားမခံနိုင်အောင် အော်ဟစ်တဲ.
ငါ့ အတိတ် နဲ့ ယခု
ဘယ်လောက် ညစ်ပေ ပ စေ
အားလုံးကို
ငါ့စာသားတွေအဖြစ်
ပြောင်းပစ်လိုက်မယ်။   ။
(ဒိုရေမာ)

No comments:

Post a Comment