Thursday 23 February 2012

ဝက


အသက်အရွယ်အလိုက်မှားတယ် အသက်အရွယ်အလိုက်မှန်တယ်
လပေါ်မှာလည်းထိုင်ဖူးတယ် နေမင်းကိုလည်းနမ်းဖူးတယ်
လေကိုရှူတာနဲ့တင် ရူးသွပ်တယ် ရေကိုသောက်တာနဲ့တင်မူးယစ်တယ်
သတ္တ၀ါနဲ့သဘာဝကိုလည်း ၀ါးတားတားမြင်တယ်
ကောင်းလွန်းတဲ့မကောင်းမှုတွေနဲ့ တရားဓမ္မကိုလည်းေ၀၀ါးဝါးသိတယ်
ငါလုပ်ရင်ဘာမဆိုဖြစ်တယ် ငါလုပ်နိုင်တာတစ်ခုမှမရှိဘူး
ရေတစ်စက်ရဲ့ ဝဲဂယက်မှာသေခြင်းကိုလည်းပြင်ဆင်ထားတယ်
မြင်းမိုရ်တောင်ကြီးပြိုကျလာလည်း ရှင်သန်ဖို့အတွက်ကြိုးစားတယ်
ဘ၀တူချင်းတွေ့ရင်တပြိုင်နက်ထဲ ခေါင်းညိမ့်တယ် ခေါင်းခါတယ်
တစ်စက္ကန့်ချင်းစီကို တယုတယ သိမ်းဆည်းတယ်
တစ်ဘ၀လုံးကိုနာကျည်းယူကျုံးမရစွာ မေ့ပစ်တယ်
ငါ့နေ့တွေကိုလှုပ်ရှားမှုက၀ါးမျိုတယ်
ငါ့ညတွေကိုခံစားမှုကစားသောက်တယ်
ပါးစပ်ကိုဟပြီး ကျေးဇူးတင်စကားပြောတယ်
ပါးစပ်ကိုပိတ်ပြီးဆဲရေးတယ်
နောင်တနဲ့ ကုက္ကိစကို
သမ္မာသတိနဲ့အနိုင်ပိုင်းတယ်
အလေအလွင့်များများနဲ့အုံကြွလာတဲ့စိတ္တဇကို ရင်ရှိုက်သံနဲ့လက်စားချေတယ်
ငါ့မျက်စိထဲမုန်တိုင်းဝင်တယ် ငါ့အလယ်ခေါင်က ဈာန်ဝင်စားမှုထွက်လာတယ်
ငါ မင်းကို ငါ ငါ့ကို ကောင်းစေချင်တယ် ဆိုးစေချင်တယ်
အခု ငါ မင်း ဒီကဗျာကိုပြုံးပြနေတယ်လို့ အိပ်မက်မက်နေတယ်
အခု ငါ ဒီကဗျာဖြစ်ပြီး မင်း ကိုမဲ့ပြနေရင်းအိပ်ရာကနိုးလာတယ် ။ ။


ဝက : 2006


No comments:

Post a Comment