Tuesday 28 February 2012

၁၉၉၇ မနက်ခင်း



အဆုပ်တွေ ဖြာထွက်လာ ၊ နေရောင်ကျဲ
လရောင်ကျဲ …
သွားဖို့ပြန်ဖို့ ဝေးလွန်းမဲမှောင်လို့
စ မှတ်နားမှာ ၊ အေးခဲနားနေခန်းမှာ ၊ စိတ်ကလေးမှာ …
‘အရင်တုန်းကပါ ဗျာ’ တဲ့
ဘယ်သူကမှမယုံလည်း သူကတော့ ယုံလိမ့်မယ်
ကိုယ်ကိုတိုင် မယုံလည်း သူကတော့ ယုံလိမ့်မယ် ။
အဲဒီ…၁၉၉၇ မနက်ခင်း ခင်းနေစဉ်
အဲဒီနေ့ဟာ…မှန်ရှေ့ မှာ အပြန်အလှန် နေ့ဆန်အောင်ပြင်ဆဲ
ဒေါင်လိုက်ဘ၀တစ်လျှောက်မှာ ၊ အတွေးအရောင်ပြန့်တုန်းမှာ ၊ မျက်ဝန်းအကြည့် တစ်ခုမှာ …
ဒီမြင်ကွင်းကို ကူသူကယ်သူမရှိ
တိမ်တွေကို ရွေ့ အောင်ကြည့်လို့မရတော့ဘူး
တိမ်တွေ အုပ်စုလိုက်ရပ်နေ
တိမ်တွေ အဖျားအစွန်းငြိမ်သက်
သူ…မင်းအတွက် စိတ်တွေ တစက်စက်ကျနေတယ် ။
မကြည့်နဲ့ ! မထိနဲ့!
ေ၀၀ါးရုပ်ခန္ဓာဖွဲ့စည်းလွန်း ၊ အခေါ်အပြောရဲလွန်း ၊ သဘာဝနိုင်လွန်းသမို့ …
ညနေဆီရောက်အောင်သွားမယ်လမ်း
၁၉၉၇ မနက်ခင်းမှာ
ဝေး  လွန်း  ခဲ့  တယ် ။ . . ။
ဝေး     လွန်း      ခဲ့       တယ် ။ . . . ။ 

ဝက : Dec 2007


No comments:

Post a Comment