Tuesday 21 February 2012

အမှီ

ညဟာ အကျည်းတန် အောင် မှောင်နေဆဲ
လူနေ အိမ် ပြတင်းပေါက်က မီးမှိန် မှိန်တွေရှိနေဆဲ
ပျော်ပွဲစားရုံတွေ တလက်လက် တောက်ပနေဆဲ
ပြည်.တန်ဆာတွေ မျက်နှာ အလှခြယ်နေဆဲ
ဂီတ သံလိုလို အဝေးက ခေါ်သံတခု ဖြတ်ပြေးဆဲ
စစ်ပြီးခေတ်ကလို လူတချို. ကျို.တို.ကျဲတဲ လမ်းလျှောက်နေဆဲ
ညလုံးပေါက်ဆိုင်တချို. လူရှင်းနေဆဲ
ခွေးလေခွေးလွင်. တွေ ပျော် မြူးနေဆဲ
ကဗျာစပ်သူယောက် ကဗျာ ၀င်စား နေဆဲ
တိတ်ဆိတ်နေ တဲ. အရာရာ ဟာ အော်ဟစ် ဖို.အကြောင်းရှာ နေဆဲ
ငါရဲ.  စာနာသူမဲ.ညတွေ ကို မှီဝဲ သက်ဝင်နေ ဆဲ။          ။
(ဒိုရေမာ)

No comments:

Post a Comment