Tuesday 21 February 2012

If I have a chance...

အခွင့်သာခဲ့မယ်ဆိုရင်...
အိပ်မက်တွေထဲက စိတ်ကူးတွေအတွက်...
ဖြည့်ဆည်းပေးချင်သေးတယ်...

အခွင့်သာခဲ့မယ်ဆိုရင်....
အားငယ်ပူပန်မှုတွေအတွက်...
ဖြေသိမ့်ပေးချင်သေးတယ်...

အခွင့်သာခဲ့မယ်ဆိုရင်....
လှည့်ထွက်နေတဲ့ ကျောပြင်ကိုနားကပ်ပြီး
ရင်ခုန်သံများကြားရမလား နားထောင်ကြည့်ချင်သေးတယ်....

အခွင့်သာခဲ့မယ်ဆိုရင်....
အလိမ်အညာတွေကို မသိသလို
ဟန်ဆောင်နေပေးချင်သေးတယ်...

အခွင့်သာခဲ့မယ်ဆိုရင်....
ဘ၀ဇာတ်ဆရာကို တစ်ခွက်တစ်ဖလားတိုက်ပြီး..
ပျော်ရွှင်စွာပေါင်းကြလေသတည်းလို့ ဇာတ်ကိုသိမ်းခိုင်းလိုက်ချင်တယ်.....

(၂၄.၁.၂၀၁၂)

No comments:

Post a Comment