Tuesday 21 February 2012

အလွမ်း...

လွမ်းတယ်...
စိတ်တိုင်းမကျရင် ဆူတတ်တဲ့ အမေ့အသံကိုလွမ်းတယ်....

လွမ်းတယ်....
ချီးကျူးချင်စရာလေးလုပ်မိရင် ဒါငါ့သမီးကြီးလေလို့ပြောပြီးတော့
အူကြောင်ကြားနိုင်တာမျိုးတွေဆိုရင် "နင့်အမေနဲ့တူတာလေ"လို့ပြောတဲ့အဖေ့ကိုလွမ်းတယ်...

လွမ်းတယ်....
ပြန်မပြောနားမထောင် နေတတ်တဲ့ ညီမလေးကိုလဲလွမ်းတယ်....

လွမ်းတယ်.....
ဘုရားစူး မုန့်ဟင်းခါးပါဆိုတဲ့ ချက်ချင်သလိုချက်ထားတဲ့အိမ်နားကဆိုင်ကိုလွမ်းတယ်....

လွမ်းတယ်.....
သူငယ်ချင်းတွေနဲ့ ဆူညံအောင်ပေါက်ပေါက်ဖောက်နေလဲ
မျက်စောင်းထိုးကြည့်မယ့် သူတွေမရှိတဲ့ အရပ်ကိုလွမ်းတယ်.....

လွမ်းတယ်....
အထူးကား အထူးကားဆိုပြီး ၁၀၀ ပြန်မပေးတဲ့ မတ်တပ်ရပ်စီးရတဲ့ လိုင်းကားတွေလဲလွမ်းတယ်.....

လွမ်းတယ်......
ဟန်းဖုန်းကြီး ခါးချိတ်ပြီး စတိုင်ထုတ်နေကျတဲ့ လူတွေရှိတဲ့ အရပ်ကိုလွမ်းတယ်.....

လွမ်းတယ်.....
မီးပုံမှန်လာနေရင်ကိုပဲ နေမထိ ထိုင်မသာဖြစ်တဲ့ ခံစားမှုမျိုးပေးတဲ့အရပ်ကိုလွမ်းတယ်....

လွမ်းတယ်.....
လွမ်းရင်ပြန်လာခဲ့လေလို့ပြောမယ့်သူတွေရှိတဲ့ အရပ်ကိုလွမ်းတယ်.....

လွမ်းတယ်......
ကိုယ့်ရဲ့လိုအပ်ချက်တွေအတွက် စွန့်ခွာခဲ့ရတဲ့ ကိုယ်နေခဲ့တဲ့ အရပ်ကိုလွမ်းတယ်.....

လွမ်းတယ်.....
လွမ်းချင်လို့ကို...လွမ်းတယ်.....

No comments:

Post a Comment