Monday 16 July 2012

အစ်ကိုရေ...


အစ်ကိုရေ
ကောင်းကင်ပေါ်မှ ကြယ်တွေလှလား
ပုဂံမှာတုန်းကလို အရက်သောက်ပြီ
ကြယ်တွေကို ကြည့်ချင်သေးတယ်  အစ်ကို

အရက်ဝိုင်းမှာ အစ်ကိုနဲ့စကားပြောရတာ
လူရောစိတ်တင်မကဘူး
နားရွက်တွေပါ နွေးပါတယ် အစ်ကို၊

ခုတော့ လိမ္မာနေကြာင်းပါ အစ်ကို
(ကောင်မလေးစကားတစ်ခွန်းနဲ့)
အရက်လဲ လျှော့သောက်နေပြီ

အစ်ကိုနဲ့တော့ လက်ဖက်ရည်ဆိုင်
အတူ ထိုင်ချင်သေးတယ်  အစ်ကို

အစ်ကိုရေ
ခုချိန်ဆို ကျိုက်ထီးရိုး တောင်ပေါ်မှာ
မြူတွေကျပြီ အရမ်း အေးနေရောပေါ့
အစ်ကိုက အဲဒီတုန်းက
ကျွန်တော်ကို စောင်ခြုံပေးခဲ့သလို
ကျွန်တော်လည်း ဒီမှာ စောင်ခြုံပြီ အိပ်တယ်
အစ်ကို မရီပါနဲ့လားဗျာ၊

ကျွန်တော်ခုဆို game လဲ မဆော့တော့ဘူး အစ်ကို
 အစ်ကို ကိုလွမ်းတာနဲ့ပဲ
နေ့နေ့ညည
ကဗျာလေးတွေဖတ် သီချင်းလေးတွေနားထောင်နဲ့
ပေါက်ကွဲမယ့်မီးတောင်တစ်လုံးကို ရင်ထဲမှာမြိုပြီ
အစ်ကိုကို လွမ်းနေပါတယ် အစ်ကို

သေသော်သူကြာရင် မေ့ ဆိုပင်မဲ့
၂၈ နှစ်လုံး အတူ ကစား
 အတူ သွား ၊  အတူ နား လာတဲ့
သံယောဇဉ် တွေက
ညည ကျွန်တော့်ကို ခြောက်လှန့်တယ် အစ်ကို၊

အစ်ကိုရေ
ကောင်းကင်ပေါ်မှ ကြယ်တွေလှလား
ပြန်ဆုံရင် ကျွန်တော့်ကို အရင်လို ပြုံးပြအုံးနော် အစ်ကို

အစ်ကိုရေ…..


No comments:

Post a Comment