Tuesday 11 December 2012

ပြားချပ်နေတဲ့နေ့ရက်များ

နေ့ ဆို တာမေ့
ညကို မှ ခင် တွယ်ခဲ့တာ
ရုပ် ရှင်ကြည့်ရင်
ဗွီလိန် ကိုမှအားရတဲ့ကောင်
ခေတ် စနစ် လာ မ ပြောနဲ့

ကားမက်စ် ဝါဒကို နှစ်သက်တုန်း
မူးရင်တော့ သတ္တိ ရှိတယ်
အ မေ ကဗျာဖတ် ရင် မျက် ရည်တွေဝဲလို့
အဲလို ကောင်
အချစ်အတွက်
အသက်သေရဲပေမယ့်
အချစ် မရှိတဲ့ ကောင်
လမ်းခွဲအတွက်
လမ်းလွှဲခံရတဲ့ကောင်
သူငယ်ချင်းတွေနဲ့အတူ
သိုင်းကွက် နင်းတဲ့ကောင်
ကံ ကံရဲ့အကျိုးကို ပျက် ရယ်ပြုပြီး
ဆူးပုံနင်းတာ
ခုတော့
ရေ သောက်ပြီးဗိုက်မှောက်
ရွာပျောက်လို့ လမ်းလျှောက်နေရပြီ
ဘယ့်နယ့်ရှိဇ ။
ဒိုမီနို 29.11.2012

No comments:

Post a Comment