Friday 18 January 2013

ဒေါင့် မှ အမှန်တရားများ

ရောမဆိုတာ
ဒဏ္ဍာရီမဟုတ်ဘူး
တကယ်ရှိခဲ့တာ
ပုဂံကတော့
တစ်နေ့တစ်လံရွေ့နေတယ်
ပြားနေတဲ့ကမ္ဘာမှာ
လုံးဝန်းတဲ့ အကြောင်းတရားဟာ
လှောင်ပြောင်ခြင်းနဲ့
သေဒဏ် ကျခဲ့ဖူးတယ်
တစ်နေ့တစ်မျိုးမရိုးနိုင်တဲ့
အမှန် တရားတွေမှာ
ငါဟာ အလိုက်တသိနဲ့
တရားခံတယောက်
(သို့) မှားယွင်းမှုတခု
အဲဒီအတွက်
စကြာဝဋ္ဌာက
လူကိုဗဟိုပြုပြီး
ထောင့်သုံးထောင့်ပေါင်း
ထောင့်ငါးရာရတယ်။

ဒိုမီနို

No comments:

Post a Comment