Thursday, 14 March 2013
ရင်ထဲမကောင်းဘူးအမေ....
အနှစ်နှစ်ဆယ်နီးပါး အပိတ်လှောင်ခံ
မိသားစုတွေ တကွဲတပြား...
ဒါတွေအားလုံးရင်းနှီးထားခဲ့တာ....
ဒါမျိုးတွေ အပြောခံရဖို့လား.......
လက်တွဲဖော်ရဲ့ နောက်ဆုံးချိန်တောင်
အဝေးကနေငေးကြည့်ခွင့်မရ....
အေးရာအေးကြောင်း မပူမပင်နေနိုင်မယ့်ဘ၀မျိုးထက်
ပြည်သူ့အတွက်ဆိုပြီး ရွေးချယ်... ခေါင်းမာခဲ့တာ......
ဒီလူမျိုးတွေအတွက်လား.....
ဒီမိုးနဲ့ဒီလေ...ဒီလူနဲ့ ဒီအစိုးရ....
သူ့အရပ်နဲ့သူ့ဇာတ်ပဲကောင်းတယ်အမေ.....
ဖြစ်ချင်ရာသာဖြစ်...
သူ့ကုသိုလ်နဲ့သူ...
သူ့ထိုက်နဲ့သူ့ကံ...
သူ့ဘ၀နဲ့သူ...
သူရွေးတဲ့သူ့လမ်း....
အားလုံးကိုသာ ထားခဲ့ပြီး....
ကိုယ့်သွေးသားတွေနဲ့ မခွဲမခွာဘဲသာ....
အေးအေးချမ်းချမ်း နေနိုင်မယ့်....
သာသာယာယာ နေသာမယ့် နေရာကိုသာ....
ပြန်လိုက်ပါတော့အမေရယ်.....
ဒီလိုခေါင်းဆောင်မျိုး....
ဒီပြည်သူတွေ ရဖို့မတန်သေးဘူးလို့ပဲ သဘောထားပါ့မယ်......
Labels:
קAiИҀ
Subscribe to:
Post Comments (Atom)
သု့အတွက် စိတ်မကောင်းဘူး။ ဒါပေမဲ့ သေချာတွေးရင် သူမရှုံးပါဘူး။း) နောက်ပြီး သူမဟာ နိုင်ငံရဲ့မိခင်ဖြစ်လို့ သားဆိုး၊သမီးဆိုးတွေကို ကောင်းကောင်းထိန်းကျောင်းနိုင်ပါလိမ့်မယ် sis..
ReplyDeleteအဲ့ဒီနေ့ကတော့.... သူ့ကို... သားတွေဆီသာပြန်လိုက်ပါတော့လို့ပဲ ပြောချင်စိတ်တွေပေါက်သွားတယ်....
DeleteAnyway, she've done a great job....