Tuesday 19 June 2012

သူငယ်ချင်းသို့..... (၄)

သူငယ်ချင်းရေ...
ကိုယ့်ဘ၀ကိုယ်ထုဆစ်...
ကိုယ့်ကြမ္မာကိုယ်ဖန်တီးရင်း
တစ်ခါတစ်လေ...ငါတို့တွေ မှားခဲ့ကြတယ်....
တစ်ခါတစ်လေ.... ငါတို့တွေ မိုက်ခဲ့ကြတယ်.....
ဒါပေမယ့်...
မင်းကော...ငါကော....
နောက်လူတွေအတွက်....
သမိုင်းတော့ မရိုင်းခဲ့ပါဘူး....

လူမှန်ရင် အမှားမကင်းဘူးတဲ့
အမှန်ကိုလမ်းလွဲခဲ့တိုင်း
မင်းပြောနေကျစကားလေ...
မင်းကော.... အမှန်တရားဆိုတာတွေနဲ့
နဖူးတွေ့ဒူးတွေ့ ကြုံဖြစ်သေးလား...

အဖြူရောင်ကို ငါမုန်းတယ်သူငယ်ချင်း...
တကယ်တော့.....
ဘ၀ဆိုတာ ဖြူနေဖို့မလိုဘူး...
ကိုယ့်ကာလာ ကိုယ်နိုင်ဖို့ပဲလိုတယ်...
(ငါသိတယ်..မင်းကန့်ကွက်တယ်လို့...)

(ဒါနဲ့..စကားမစပ်...)
နားခါးတာတွေလက်ခံနိုင်မှ ဒီမိုကရေစီတဲ့.....
မွေးကတည်းက "ခေတ်မီဖွံ့ဖြိုးတိုးတက်"တဲ့ စကားလုံးတွေနဲ့
နားရည်ဝလာတဲ့ငါတို့ကို....
ခုတော့...
တော်တော်ဆင်းရဲတယ်ဆိုပဲ...
ခါးတယ်ကွာ.... နားတင်မဟုတ်ဘူး....
နှလုံးသားထဲကပါ ခါးတယ်....

ပြုံးပါ သူငယ်ချင်းရာ... ပြုံးလိုက်ပါ...
ချို့ချို့တဲ့ ဘ၀တွေထဲ....
ငါတို့မှာ ဖောဖောသီသီရှိတာဆိုလို့....
တစ်ဖက်လူ ရင်အေးစေမယ့်...
ဒီအပြုံးတွေပဲရှိတော့တယ်.....
တစ်ခုတော့ရှိတယ် သူငယ်ချင်း...
ပြုံးတော့ပြုံး... မချိပြုံးတော့ မဖြစ်စေနဲ့.....

No comments:

Post a Comment