Wednesday 28 March 2012

နီယွန်တွေကတဲ့ည

ငြိမ့်ငြိမ့်လေးစီးနေတဲ့
ရေပြင်ဖွေးဖွေးထက်...
ညဥ့်ကိုတန်ဆာဆင်မယ့်နီယွန်တွေ...
ဆွေးဆွေးလေး လင်းနေတယ်..

နီယွန်ကဆွဲဆောင်တာလား...
ရေပြင်ကညှို့ယူတာလား...
တရားခံရှာလို့မရတဲ့ည...
သူ့စကားတွေအောက်....
ဒေါင်ချာစိုင်းနေတဲ့ငါ့အတွေးတွေအတွက်ကော
ဘယ်သူတရားခံများပါလိမ့်...

Call Logsတွေထဲ..
မမြင်တာကြာတဲ့နာမည်တစ်ခု...
မရေတွက်နိုင်လောက်အောင်...
ထပ်ခါထပ်ခါဖြစ်နေတယ်....
လေသင့်ရာလွင့်လာတဲ့...
နင့်ခံစားချက်တွေ...
ဘယ်တော့မှန်းမသိမယ့်အချိန်...
ပြန်ပျောက်သွားဦးမယ်ဆိုတာလဲ...
သိနှင့်တယ်...

ထွက်သွားတုန်းကလဲငါမတားခဲ့သလို
ပြန်လာမယ်ဆိုတော့လည်း မငြိုငြင်ခဲ့ပါဘူး
သင်ခန်းစာတွေ အခါခါပေး.....
စာကြေတယ်လို့ ပဲသဘောထားပါတယ်
တစ်ခုတော့တောင်းဆိုမယ်.....
ဒီတစ်ခါတော့ ပုံပြင်အသစ်လေး
ငါကြားချင်တယ်......




No comments:

Post a Comment