Friday 11 May 2012

စီးဆင်းခြင်း


အမိမဲ့သားလဲမဟုတ်
ရေနဲငါးလဲမဟုတ်
စီးဆင်းရတာ နဲနဲခက်နေတယ်
ညအခါမှမွှေးသလို
ယုံကြည်ချက်ဆိုတာ
နံနက်နေအထွက်မှာ ကြွေကျဆဲ
လောကနီတိကို ရွတ်အံ ချ လဲ
ကျောခိုင်းသူကို
ပြေးပြေးတနေမိတယ်
အားလုံးကိုစွန့်ပြီးတသွင်သွင်စီးတော့
ကျောက်ဆောင်ကျေက်ခဲတွေက ရံ
လမ်းဆုံး မရောက်ခင်
အမှုံအမွှားတို့ ဖြာကျနေတဲ့
ကမ်းပါး တစ်ခုမှာ
အဟုန်နဲ့ လွင့်ရတာ
ပေါ့ ပါးချက်။။။။။။။။။။။။

ဒိုမီနို (10.5.2012)



No comments:

Post a Comment