Sunday 27 May 2012

ချစ်သူအတွက်....

ပိုင်ဆိုင်ဖူးတဲ့ နေ့စွဲတစ်ချို့
အနာဂတ်မရှိခဲ့ကြပေမယ့်
သတိရတိုင်းပြန်တွေး
ရင်ထဲ တစိမ့်စိမ့်နွေးတယ်

အရာမထင်ခဲ့တဲ့ ပေးဆပ်မှုတွေအတွက်
မခံယူတတ်ခဲ့တဲ့ ချစ်သူမင်းလဲ
လိုအပ်ချက်တိုင်းပြည့်စုံပါစေ
ငါစေတနာထားတယ်

ဝတ်ကြေတမ်းကြေ အလှူခံထည့်ခဲ့သူကိုတောင်
ဆုတွေတစ်သီကြီးပေးတတ်ကြတာပဲ
ငါ့ဘဝထဲ ခဏလာပြီး
စိတ်မပါတပါ ပေးသွားခဲ့တဲ့ ချစ်ခြင်းတွေအတွက်လည်း
မင်းဘဝတစ်လျှောက် သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေ......




No comments:

Post a Comment