Tuesday 15 May 2012

လမ်းဆုံး



လမ်းခွဲချိန်မတန်သေးပါဘူး...
ဒါပေမယ့်.... ငါတို့တွေ ကိုယ့်လမ်းကိုယ်လျှောက်ဖြစ်ခဲ့ကြတယ်.....

မေ့မပျောက်နိုင်သေးပါဘူး...
ဒါပေမယ့် ငါတို့တွေ ကိုယ်စီပိုင်ရှင်သစ် အစားထိုးဖြစ်ခဲ့တယ်......

မျက်ရည်တွေမခမ်းသေးပါဘူး...
ဒါပေမယ့် ငါတို့တွေ တွေ့တိုင်း
အပြုံးတစ်ပွင့်ဆီ ခြွေချပေးဖြစ်ခဲ့တယ်......

တကယ်ဆို...
တစ်ယောက်လက်ကို တစ်ယောက်...
မြဲမြဲကိုင်ထားခဲ့ဖို့အရေး...
နင်ကော ငါကော
သတ္တိနည်းခဲ့လွန်းတယ်.....


No comments:

Post a Comment