ငါ့ လွယ်အိတ်လေး
နံရံမှာ ဖုံအလူးလူး နဲ့..............
ဒီလွယ်အိတ်ထဲ ကို
မေမေ့ ဆီက အကြွေတွေ
ဘယ်သူမှ မသိအောင်ခိုးထည့်ဖူးတယ်......
လမ်းသွားရင်း
ဂလောက် ဂလောက် မြည်အောင်
ဒီအိတ်လေးကို တမင် လှုပ်ပြီး
သွားဖူးတယ်.....
မိုးရွာရင်ရေမစိုအောင်
ဒ်ီအိတ်လေးကို
ရင်ထဲမှာ ပိုက်ထားဖူးတယ်......
မင်းတို့အိတ်တွေ အားလုံး
ခုံ ပေါ်တင် ဆိုတဲ့ ထဲမှာ
ဒီအိတ်လေး လဲပါတယ်.........
စာမပြီးတဲ့ စာအုပ်တွေ
ထုတ်လိုက် ထည့်လိုက်လုပ်ဖူးတယ်.....
အဲ ဒီစာအုပ်တွေကြား
အရောင် လွင့်တဲ့ထိ
စွယ်တော် ရွက် လေး တွေ
ညှုပ်ပြီး ဒီအိတ်လေးထဲ သိမ်းထားဖူးတယ်.....
တဖြည်းဖြည်း လှလာတဲ့
သူငယ်ချင်း မ အတွက်
စာတို လေးတွေ ထည့်ဖူးတယ်......
ကျောင်းတံ ဆိပ် ပုံတွေ
အခါခါ တပ်ဖူးတယ် ......
ငါတို့ အမှတ်တရ
ရိုက်ခဲ့တဲ့ ပုံ တွေမှာ
ဒီလွယ်အိတ်လေးပါ တယ်.....
ဘယ်သွားသွား အသုံးတဲ့တဲ့
ကိုယ်ရံတော် ဖြစ်ခဲ့ဖူးတယ်....
ဘာပြောပြော
ငါ့ ရဲ့ ဘ၀ အစက
ဒီလွယ်အိတ်လေး ထဲမှာ
ခိုဝင်ပြီး နွေးထွေးဖူးတယ်။ ။
(ဒိုရေမာ)
လွယ်အိတ်လေး....ကဗျာလေးက လှတယ်ဗျာ..။
ReplyDelete